Zinc

Zinc ဓာတ်ရဲ့ အကျိုးပြုမှုများ

  • ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေခြင်း Zinc က ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပြီး၊ အစာအာဟာရများ ချေဖျက်မှုမှာ ပါဝင်ကူညီပေးပါတယ်။ အာဟာရကနေ စွမ်းအင်ထုတ်လုပ်ရာမှာ ပါဝင်ပါတယ်။
  • ကိုယ်ခံစွမ်းအား “immunity” ကို ကောင်းစေခြင်း
  • အနာကျက်မြန်စေခြင်း
  • မျိုးပွားမှုနှင့်ဆိုင်သော ဟော်မုန်းများ ထိန်းညှိပေးခြင်း
  • Zinc ဓါတ်က အမျိူးသမီးများမှာ ထွက်တဲ့ဟော်မုန်းများဖြစ်တဲ့ oestrogen နဲ့ progesterone ထွက်ရှိမှုအတွက် အရေးပါတဲ့အပြင်၊ အမျိုးသားများမှာဆိုရင်တော့ ကျားဟော်မုန်းဖြစ်တဲ့ testosterone ကို များများထွက်စေပြီး သုတ်ပိုးများရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်လို့ဆိုပါတယ်။
  • အင်ဆူလင်ဟော်မုန်းကို ထိန်းညှိပေးခြင်း - သွေးတွင်းမှ အချိုဓါတ်ကို ထိန်းထားပေးပါတယ်။
  • အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ခြင်း
  • နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
  • အာရုံကြောများ အားကောင်းစေခြင်း
  • မျက်စိအားကောင်းစေခြင်း

Zinc ဓာတ်က ချို့တဲ့ခဲပါတယ်။ သို့သော် အကြောင်းကြောင်းကြောင့် Zinc ဓါတ်ချို့တဲ့ ပါက~

  • နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်း
  • အရသာ၊ အနံခံ အာရုံများ ပြောင်းသွားခြင်း
  • ကိုယ်ခံစွမ်းအားကျလို့ ရောဂါပိုးတွေဝင်လွယ်ပြီး မကြာခန ဖျားနာခြင်း
  • အနာကျက်နှေးခြင်း
  • ဟော်မုန်းတွေမညီမမျှဖြစ်လို့ အမျိုးသမီးတွေမှာဆိုရင် PMS (ရာသီမတိုင်မှီဖြစ်သော လက္ခဏာများ) ကိုပိုခံစားရနိုင်ပြီး၊ သွေးဆုံးတဲ့အခါမှာလည်း ပိုပြင်းပြင်းထန်ထန်ခံစားရနိုင်ခြင်း
  • အစာမကြေခြင်း၊ ဝမ်းသွားခြင်း၊ ကိုယ်အလေးချိန်ပြောင်းခြင်းများ
  • သတိမေ့တာတွေ၊ အာရုံစိုက်မရတာတွေအပြင်၊ အာရုံကြောများလည်း အားနည်းနိုင်ပါတယ်။

Zinc တနေ့တာလိုအပ်ချက်

US. FDA ရဲ့ ပြဌာန်းချက်အရ အသက် (၄) နှစ်အထက် လူတယောက်မှာ Zinc ဓါတ်ကို တနေ့တာလိုအပ်ချက်က (၁၅) မီလီဂရမ်ဖြစ်ပါတယ်။ 

Zinc မချို့တဲ့ရအောင် Zinc ဓါတ်ကြွယ်ဝတဲ့အစားအစာများကို စားပေးသင့်ပါတယ်။

  • သိုးသား၊ အမဲသား၊ ကြက်သား
  • ဖရုံစေ့၊ ဟမ့်စေ့ (Hemp seed)၊ သီဟိုဠ်စေ့၊ ဗာဒံစေ့
  • ကုလားပဲ၊ ပဲနီလေး
  • ကိုကိုးအမှုန့်
  • ဒိန်ချဥ် (သို့) ကီဖာ
  • Ricotta ချိစ်
  • မှိုအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ ထောပတ်သီး စသည်တို့မှာ Zinc ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

Zinc ကို ဖြည့်စွက်စာအနေနဲ့ မှီဝဲမယ်ဆိုရင်တော့ တရက်မှာ (၄၀) မီလီဂရမ်ထက်ပို မသောက်သင့်ပါဘူး။

Zinc ဓာတ် လွန်ကဲပါက -

  • အစာမကြေခြင်း
  • ဝမ်းသွားခြင်း 
  • ခေါင်းမူးခြင်း
  • အန်ခြင်း များဖြစ်နိုင်ပါတယ်။
  • Zinc ဓာတ်ကို ကာလကြာရှည်စွာ ပမာဏများများ မှီဝဲပါက Copper (ကော့ပါးဓာတ်) ချို့တဲ့ခြင်းကို ဖြစ်စေပြီး၊ ကော့ပါးဓာတ်ချို့တဲ့ပါက အာရုံကြောဆိုင်ရာ ပြဿနာများဖြစ်တဲ့ ခြေလက်များ ထုံကျင်ခြင်း၊ အားမရှိခြင်းများ ခံစားရနိုင်ပါတယ်။ 
  • ကိုယ်ခံစွမ်းအားကျဆင်းနိုင်ပါတယ်။
  • အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေပါတယ်။

Zinc နဲ့ ဓာတ်ပြုနိုင်တဲ့ဆေးများမှာ

  • ပိုးသတ်ဆေးအချို့ - အချို့သော ပဋိဇီဝပိုးသတ်ဆေးများဟာ Zinc အားဆေးနဲ့ တွဲသောက်ရင် အာနိသင်လျော့တတ်လို့ ပိုးသတ်ဆေးနဲ့ Zinc အားဆေးနဲ့ ခြားပြီးမှ သောက်သင့်ပါတယ်။ ပိုးသတ်ဆေးကို Zinc မသောက်ခင် (၂) နာရီ အလို (သို့) ပိုးသတ်ဆေးကို Zinc သောက်ပြီး (၄) နာရီမှ (၆) နာရီထိ ခြားပြီးမှ သောက်သင့်ပါတယ်။
  • လေးဘက်နာရောဂါအတွက် ဆေးအချို့နဲ့ Zinc တွဲသောက်ရင်လည်း ဓာတ်ပြုပြီး အာနိသင်ပြောင်းတတ်လို့ အချိန်ခြားပြီးမှ သောက်သင့်ပါတယ်။
  • Thiazide လို့ခေါ်တဲ့ သွေးကျဆေး (သွေးတိုးသူတွေသောက်တဲ့ဆေး) သောက်သူတွေဟာ Zinc ဓာတ် ချို့တဲ့တတ်ပါတယ်။

Related Blogs

Vitamin D

Iron

Copper

Selenium

Calcium

Glutathione

Vitamin K

Biotin

Ginseng

Astaxanthin

American Ginseng

Vitamin E

Collagen

Vitamin C

Vitamin B12

Vitamin A

Folic Acid

Magnesium