Copper

Copper (ကော့ပါးဓာတ်)

Copper ဓာတ်သည် ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်ခုဖြစ်ပါတယ်။ Copper ဓာတ်သည် အမိုင်နိုအက်ဆစ်၊ ဖက်တီးအက်ဆစ်၊ ဗီတာမင်များနှင့် တွဲဖက်၍ ခန္ဓာကိုယ်ထဲတွင် ပုံမှန်ဇီဝကမ္မဖြစ်စဉ်များ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ 

Copper ဓာတ်၏အကျိုးကျေးဇူးများ

  • အာရုံကြောဆဲလ်များအား ကောင်းမွန်စေခြင်း
  • ကိုယ်ခံအားကောင်းစေဖို့ ကူညီပေးခြင်း
  • အရိုးများအတွင်း သတ္တုဓာတ်ကို ဖြည့်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းစေခြင်း
  • ကော်လဂျင်များကို ထုတ်လုပ်ပေးခြင်း
  • နှလုံးကြွက်သားများ အားကောင်းစေခြင်း
  • ဂလူးကို့စ်မှ စွမ်းအင်ထုတ်လုပ်ရာတွင် ကူညီပေးခြင်း
  • သံဓာတ်နှင့်တွဲဖက်၍ သွေးနီဥများထုတ်လုပ်ခြင်း  တို့ပြုလုပ်ပေးပါတယ်။

အရွယ်ရောက်ပြီးသူများအတွက် Copper ဓာတ်တစ်နေ့တာလိုအပ်ချက်များကတော့ (၉၀၀) မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ အသက်အရွယ်ပေါ်မူတည်၍ Copper ဓာတ်လိုအပ်ချက်သည် ကွဲပြားမှုရှိပါတယ်။

Copper ဓာတ်သည် အစားအစာမျိုးစုံတွင် အနည်းနဲ့အများပါဝင်ပြီး ခန္ဓာကိုယ်မှလည်း Copper ဓာတ်ကို အနည်းငယ်လောက်သာ လိုအပ်တဲ့အတွက် သာမန်ကျန်းမာတဲ့လူတွေမှာ Copper ဓာတ်ချို့တဲ့ခြင်းသည် ဖြစ်ခဲပါတယ်။ သို့သော်လည်း အချို့သောရောဂါများနှင့် အခြေအနေများက ချို့တဲ့မှုကိုဖြစ်စေပါတယ်။

  • Copper ဓာတ်၏ ဇီဝကမ္မဖြစ်စဉ်သည် မွေးစကတည်းကပင် ချို့ယွင်းချက်ရှိနေခြင်း၊
  • Copper ဓာတ်ကိုစုပ်ယူခြင်းတွင် အနှောင့်အယှက်ဖြစ်စေသော ရောဂါများရှိခြင်း၊
  • ဇင့်ဓာတ် နှင့် ဗီတာမင်စီကဲ့သို့သော အားဖြည့်ဆေးများ အလွန်အကျွံသောက်ခြင်း၊
  • အသက်အရွယ်ကြောင့် အစာအာဟာရကို ကောင်းစွာမစားနိုင်ခြင်း၊
  • ပါးစပ်မှ အစားမစားနိုင်၍ ဆေးသွင်းပြီးနေကြရသူများတွင် ချို့တဲ့နိုင်ပါတယ်။

Copper ဓာတ်ကြွယ်ဝတဲ့အစားသောက်များကတော့

  • အမဲ အသည်း
  • ကမာကောင်၊ ခုံးကောင်၊ ခရု၊ ဂဏန်း
  • အစေ့အဆံများဖြစ်သော - သီဟိုစေ့၊ နေကြာစေ့၊ သစ်ကြားစေ့၊ ဗန်ဒါစေ့၊ 
  • ချောကလက်
  • အာလူး
  • မှို
  • ကုလားပဲ
  • တို့ဖူး တို့တွင်များစွာ တွေ့ရပါတယ်။  

Copper ဓာတ်ချို့တဲ့ပါက

  • သံဓာတ်အားနည်းခြင်း 
  • အရိုးများပါးခြင်း
  • အရိုးကျိုးလွယ်ခြင်း
  • ကိုယ်ခံအားစနစ်အားနည်းလာခြင်း
  • နှလုံးကြွက်သားများအားနည်းခြင်း
  • အရေပြားအရောင်ဖျော့လာခြင်း
  • သိုင်းရွိုက်နှင့်ပတ်သက်သော ရောဂါများဖြစ်စေနိုင်ပါတယ်။

Related Blogs

Magnesium

Vitamin E

Vitamin C

American Ginseng

Vitamin A

Zinc

Vitamin D

Folic Acid

Iron

Vitamin K

Astaxanthin

Glutathione

Ginseng

Collagen

Selenium

Vitamin B12

Biotin

Calcium