Astaxanthin

မျက်လုံးကျန်းမာရေးကိုအထောက်အကူပြုတဲ့ Astaxanthin

မျက်စိဟာ ခန္ဓာကိုယ်မှာ အလွန်နူးညံ့ပြီးအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။မျက်စိကြည်လင်ပြီး ကျန်းမာစေဖို့အတွက် အရေးကြီးတဲ့ ဗီတာမင်များနဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ) များစွာ ရှိသည့်အနက် Astaxanthin အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။  Astaxanthin ဆိုတာ အနီရောင်ခြယ် carotenoids ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ Astaxanthin ဟာ Powerful Antioxidant (အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တခုဖြစ်ပြီး အခုနောက်ပိုင်းမှာ တော်တော်လေး ရေပန်းစားလာတာကိုတွေ့ရပြီး ဈေးကွက်ထဲမှာ အလှအပနဲ့ဆက်ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းများမှာ သုံးလာကြသလို အသားအရေလှပဖို့သောက်ဆေး ၊ မျက်စိအားဆေးများအဖြစ်လည်း သောက်သုံးလာ တာကို တွေ့ရပါတယ်။

    သုတေသနတွေ့ရှိချက်တွေအရ Astaxanthin ဟာ အခြား ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိကြတဲ့ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဆီလီနီယမ်၊ coenzyme Q10၊ Beta-carotene စသည်ဖြင့် များစွာရှိတဲ့အထဲမှာ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ (Antioxidant action) အကောင်းဆုံး ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ နေ့စဉ်မပြတ် ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေကနေ ဘေးထွက်ပစ္စည်း အဖြစ် Free radicals တွေဟာ အဆက်မပြတ်ထွက်ပေါ်နေပါတယ်။ ၎င်းတို့တွေဟာ ဆဲလ်တွေကိုရောင်ရမ်းစေပြီး၊ ခန္ဓာကိုယ်ကိုထိခိုက်ပျက်စီးမှုတွေကိုဖြစ်စေပါတယ်။ ထိုကဲ့သို့ ခန္ဓာကိုယ်တွင်းဆိုးကျိုးပေးနေတဲ့ Free radicals တွေကို တိုက်ဖျက်ပြီး ကာကွယ်ပေးနေတဲ့အရာတွေကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) လို့ခေါ်ပါတယ်။  

    Free radicals တွေဟာခန္ဓာကိုယ်ထဲမှာ အလွန်များပြားလာပြီဆိုရင်တော့ မြန်မြန်အိုမင်းစေပြီး နာတာရှည်ရောဂါများ နဲ့ ကိုယ်ခံအားစနစ်အားနည်းခြင်းများကို ဖြစ်စေပါတယ်။ ဒါပြင် မှတ်ဉာဏ်ကျဆင်းလာတာ၊ မျက်လုံးမှုန်တာစတဲ့ မျက်လုံးနဲ့ပတ်သတ်တဲ့ရောဂါတွေ၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ နဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေပါတယ်။

    Free radicals တွေဟာခန္ဓာကိုယ်ထဲမှာ အလွန်များပြားလာပြီဆိုရင်တော့ မြန်မြန်အိုမင်းစေပြီး နာတာရှည်ရောဂါများ နဲ့ ကိုယ်ခံအားစနစ်အားနည်းခြင်းများကို ဖြစ်စေပါတယ်။ ဒါပြင် မှတ်ဉာဏ်ကျဆင်းလာတာ၊ မျက်လုံးမှုန်တာစတဲ့ မျက်လုံးနဲ့ပတ်သတ်တဲ့ရောဂါတွေ၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ နဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေပါတယ်။

    Astaxanthin ဟာ ဓာတ်တိုးဆန့်ကျင်ခြင်းမှာ ဗီတာမင် အီး ထက်အဆပေါင်း ၅၀၀ ဆ၊ ဗီတာမင် စီ ထက် အဆ ပေါင်း ၆၀၀၀၊ Coenzyme Q10 ထက် အဆပေါင်း ၈၀၀ ဆသာလွန်တယ်လို့ ပညာရှင်များက  ဆိုကြပါတယ်။

    Astaxanthin ၏ အကျိုးကျေးဇူးများ

    • မျက်စိညောင်းညာခြင်း၊ ပင်ပန်းခြင်းကို သက်သာစေပါတယ်။ မျက်စိခြောက်ခြင်း၊ မျက်လုံးနာခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်းများကို ကာကွယ်ပေးပါတယ်။ မျက်စိအားကောင်းစေပြီး အတွင်းတိမ်၊ ရေတိမ် နှင့် အသက်ကြီးတဲ့သူတွေ မှာဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့ခြင်းကို ကာကွယ်ပေးတယ်။
    • ကျန်းမာတဲ့အရေပြားကို ရရှိဖို့ကူညီပေးပါတယ်။ အသားအရေကို ကြည်လင်စေပြီး အရေးအကြောင်းများကို သက်သာစေပါတယ်။ ငယ်ရွယ်နုပျိုစေပါတယ်။ အမဲစက်နဲ့ နေလောင်တာတွေကို လျော့နည်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
    • ဦးနှောက်ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး အယ်ဇိုင်းမားရောဂါ နဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများ  မဖြစ်အောင် ကာကွပ်ပေးပါတယ်။
    • သွေးစီးဆင်းမှုကိုကောင်းစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ သွေးတွင်း မကောင်းသော အဆီဓာတ် (Bad Cholestrol) ကိုကျစေပြီး နှလုံးရောဂါ နှင့် လေဖြတ်ခြင်းရောဂါများဖြစ်ပွားမှုကို လျော့ချပေးပါတယ်။
    • ကိုယ်ခံအားကောင်းစေပါတယ်။
    • အာရုံကြောများ အားနည်းခြင်း၊ အရိုးအဆစ်များရောင်ခြင်း ၊ ကျောနာခြင်းများကို သက်သာစေပါ တယ်။

    Astaxanthin ကို ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်ပါဘူး။ ၎င်းကို အစားအသောက်တွေကနေရနိုင်သလို ဖြည့်စွက်အားဆေးတွေ သောက်သုံးခြင်းဖြင့်လည်း ရနိုင်ပါတယ်။ Astaxanthin ကို သဘာ၀အားဖြင့် ပင်လယ်ရေညှိ၊ ပုဇွန်၊ ကျောက်ပုဇွန်၊ ဂဏန်း နဲ့ ဆယ်လ်မွန်ငါးတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။

    Astaxanthin ဖြည့်စွက်အားဆေးကို ရောဂါအခံရှိနေသူများ ၊ ကိုယ်ဝန်ဆောင်မိခင် နှင့် နို့တိုက်မိခင်များ ၊ အသက် ၁၈ နှစ် မပြည့်သူများ မသောက်သုံးသင့်ပါ။

    Related Blogs

    Vitamin B12

    Vitamin D

    Iron

    Biotin

    Vitamin C

    Zinc

    Vitamin K

    Folic Acid

    Collagen

    Magnesium

    Copper

    Vitamin E

    Calcium

    Ginseng

    American Ginseng

    Vitamin A

    Glutathione

    Selenium