Vitamin C

ဗီတာမင် စီ (Vitamin C) နှင့် ကျန်းမာရေး

ဗီတာမင် စီ (Vitamin C) ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး Ascorbic Acid လို့လဲ သိကြပါတယ်။ ရေမှာ ပျော်ဝင်တာကြောင့် ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် စီ (Vitamin C) ကို မထုတ်နိုင်တာကြောင့် စားသုံးတဲ့ အစားအစာတွေကနေ လုံလုံလောက်လောက် ရရှိဖို့ လိုအပ်ပါတယ်။ ဗီတာမင် စီ ရဲ့ တစ်နေ့တာလိုအပ်ချက်ကို US FDA က 60 mg လို့ဖော်ပြထားပြီး Council for Responsible Nutrition က တော့ ဗီတာမင် စီ ကို တနေ့တာမှာ 90 mg လိုတယ်လို့ ဖော်ပြထားပါတယ်။

ဗီတာမင် စီ(Vitamin C) ရဲ့ ကောင်းကျိူးများ

  • ခုခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် တုတ်ကွေးရောဂါ နှင့် တခြား ရောဂါပိုးများ မဝင်အောင် ကာကွယ်ပေးခြင်း
  • ကော်လဂျင် များတည်ဆောက်ရာမှာ ပါဝင်ခြင်း 
  • အသားအရေကို တင်းရင်းစိုပြေစေခြင်း
  • အနာကျက်မြန်စေခြင်း 
  • ကိုယ်အလေးချိန် လျော့ချပေးခြင်း
  • သံဓာတ် စုပ်ယူမှုကောင်းစေရန် ကူညီပေးခြင်း (သံဓာတ် Iron ပါတဲ့အားဆေးတွေမှာ ဗီတာမင် စီ ကို တွဲဖက်ပေးလေ့ရှိပါတယ်။)
  • အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း
  • ကိုလက်စရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် တားဆီးပေးခြင်း
  • ဓာတ်တိုးဆန့်ကျင်မှုအားကောင်းတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကို အားပျော့စေတဲ့အတွက် ဆဲလ်ပျက်ဆီးမှုမဖြစ်အောင် ကာကွယ်ပေးခြင်း။ ဒါ့ကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါ တို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်

ဗီတာမင် စီ ကြွယ်ဝတဲ့အစားအစာတွေက

ဆီးဖြူသီး၊ စတော်ဘယ်ရီသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး ၊ သံပရာသီး ၊ သဘေင်္ာသီး၊ ကီဝီသီး၊ ပန်းသီး၊ နာနတ်သီး၊ မာလကာသီး၊ ဆီးသီး စသော ချဉ်သောအသီးများ အပြင် ပန်းဂေါ်ဖီစိမ်း ၊ ငရုတ်ပွ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဉ်သီး နဲ့ ကန်စွန်းဥ လိုမျိုး ဟင်းသီးဟင်းရွက်ကနေလဲ ဗီတာမင်စီ ရနိုင်ပါတယ်။ သို့ပေမယ် ဗီတာမင် စီဟာ အပူဒဏ်ကို မခံနိုင်တာကြောင့် ချက်ပြုတ်လိုက်ရင် ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။

ဗီတာမင် စီ (Vitamin C) ကို ဘယ်လိုလူတွေမှာချို့တဲ့လဲ??

- အရက်အလွန်အကျွံသောက်တဲ့သူတွေ

- ဆေးလိပ်သောက်တဲ့သူတွေ

- နာမကျန်းဖြစ်နေသူတွေ

- အစားရွေးသူများ

- အကိုက်အခဲ ပျောက်ဆေး သောက်နေသူတွေ

- ကျောက်ကပ် ရောဂါရှိသူများ ဟာ ဗီတာမင်စီ (Vitamin C) ဓာတ် ချို့တဲ့နိုင်ပါတယ်။

ဗီတာမင် စီ ချို့တဲ့လျှင်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင် စီ (Vitamin C) ချို့တဲ့လာပြီဆိုရင်တော့ 

  • သွားဖုံးရောင်ခြင်း နှင့် သွားဖုံးသွေးယိုခြင်း
  • နှာခေါင်းသွေးလျှံခြင်း
  • အညိုအမည်းများ အလွယ်တကူဖြစ်ပေါ်ခြင်း
  • အရိုးအဆစ်နဲ့ ကြွက်သားများ နာခြင်း
  • ဆံပင်များ ခြောက်သွေ့ပြီး အဖျား နှစ်ခွကွဲခြင်း
  • အရေပြားပေါ်မှာ အနီစက်လေးများပေါ်ခြင်း
  • အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်း
  • ကိုယ်ခံအားကျဆင်းခြင်း 
  • အစာမကြေခြင်း
  • အစာချေဖျက်မှုနှေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလာနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

ဗီတာမင် စီ အလွန်များသွားခဲ့သော်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ (Vitamin C)  အလွန်များပြားနေလျှင် ၎င်းတို့ကို ဆီးအနေဖြင့် စွန့်ထုတ်ပစ်ပါတယ်။ သို့ပေမယ့် တစ်နေ့လျှင် ဗီတာမင် စီ(Vitamin C)  2000mg ထက် ပိုသောက်မိပါက ဗိုက်အောင့်၊ ဗိုက်နာ ဖြစ်ပြီး ဝမ်းခဏခဏ သွားတာမျိုးဖြစ်တတ်ပါတယ်။ ဗီတာမင် စီ ကို အကြောဆေးအနေနဲ့ ပမာဏများများထိုးပြီး ရောဂါတွေကို ကုသတာကိုတော့ သုတေသနပြုနေဆဲဖြစ်ပါတယ်။

Related Blogs

Vitamin E

Astaxanthin

Vitamin K

Biotin

Selenium

Zinc

Collagen

Magnesium

American Ginseng

Folic Acid

Vitamin D

Vitamin A

Calcium

Copper

Iron

Glutathione

Ginseng

Vitamin B12