Magnesium

မက်ဂနီဆီယမ် (Magnesium)

မက်ဂနီဆီယမ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်ကျန်းမာစွာတည်ရှိနေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နှင့် ဦးနှောက်ကျန်းမာရေးအတွက် မက်ဂနီဆီယမ်က အရေးကြီးတဲ့ နေရာမှာပါဝင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပရိုတင်းဓာတ်များ တည်ဆောက်ခြင်း၊ ကြွက်သားနှင့် အာရုံကြောအဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာများ၊ သွေးထဲရှိ ဂလူးကို့စ်ပမာဏ ထိန်းချုပ်ခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း စသည်တို့အပါအဝင် များစွာသော ဇီဝကမ္မဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်ပါတယ်။

မက်ဂနီဆီယမ်သည် 

၁) အရိုးကျန်းမာရေးကို အထောက်အကူပေးခြင်း 

မက်ဂနီဆီယမ်သည် အရိုးကျန်းမာရေးအတွက် အဓိကဖြစ်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်များကို ထိန်းညှိပေးပါတယ်။

၂) ဆီးချိုသွေးချိုရောဂါများတွင် ကူညီပေးခြင်း

မက်ဂနီဆီယမ်သည် ဂလူးကို့စ်ထိန်းချုပ်ခြင်းနှင့် အင်ဆူလင်ဇီဝဖြစ်စဉ်များတွင် မရှိမဖြစ်အရေးကြီးပါတယ်။ မက်ဂနီဆီယမ်ချို့တဲ့ခြင်းသည် အင်ဆူလင်ခံနိုင်ရည်ကို ပိုမိုဆိုးရွားစေပါတယ်။ 

၃) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

နှလုံးအပါအဝင် ကြွက်သားများ ကျန်းမာရေးကောင်းစေဖို့အတွက် မက်ဂနီဆီယမ်ဓာတ်ကိုလိုအပ်ပါတယ်။ သုတေသနစမ်း သပ်ချက်များအရ မက်ဂနီဆီယမ်သည် နှလုံးကျန်းမာရေးမှာ အရေးပါတဲ့နေရာမှပါဝင်တယ် လို့တွေ့ရှိပါတယ်။

၄) ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် ကူညီပေးခြင်း

မက်ဂနီဆီယမ်ချို့တဲ့ခြင်းသည် အာရုံကြောနာဗ့်ဆဲလ်များအပေါ်တွင် သက်ရောက်မှုရှိကာ သွေးကြောများကို ကျဉ်းစေပြီ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ သူတွေမှာဆိုရင် အခြားသူများနှင့် နှိုင်းယှဉ်ကြည့်ပါက သွေးထဲရှိ မက်ဂနီဆီယမ်ပမာဏ နည်းနေနိုင်ပါတယ်။ 

၅) ရာသီမလာမီဖြစ်ပေါ်တတ်သော လက္ခဏာများ(PMS) ကိုသက်သာစေခြင်း

မက်ဂနီဆီယမ်သည် အမျိုးသမီးများ ရာသီမလာမီခံစားရသော ဝေဒနာများကိုလည်း သက်သာစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ စမ်းသပ်တွေ့ရှိချက်အဆိုအရ ဗီတာမင် B6 နဲ့ မက်ဂနီဆီယမ်ကို သောက်သုံးပေးခြင်းက PMS လက္ခဏာများကို လျော့ပါးစေကြောင်းတွေ့ရှိရပါတယ်။ သို့သော်လည်းပဲ ပိုပြီးခိုင်မာသောသက်သေ အထောက်အထားများပြဖို့ စမ်းသပ်ချက်များ လိုအပ်နေပါသေးတယ်။

၆) စိတ်ဖိစီးမှုများအား လျော့ကျစေခြင်း

စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းများအတွက် မက်ဂနီဆီယမ်ဓာတ်က ကူညီပေးပါသေးတယ်။ မက်ဂနီဆီယမ်ဓာတ်နည်းခြင်းသည် စိတ်ဖိစီးမှုများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း အမေရိကန်တွင် (၂၀၁၇) ခုနှစ်အတွင်း ကောက်သော စစ်တန်းများအရ သိရှိရပါတယ်။

တနေ့တာအတွက် မက်ဂနီဆီယမ်ဓာတ် လိုအပ်ချက်များ

  • မွေးစမှ - ၆ လအထိ                =   ၃၀ မီလီဂရမ်
  • ၇ လမှ - ၁၂ လအထိ               =  ၇၅ မီလီဂရမ်
  • ၁ နှစ်မှ - ၃ နှစ်အထိ                =  ၈၀ မီလီဂရမ်
  • ၄ နှစ်မှ - ၈ နှစ်အထိ                =  ၁၃၀ မီလီဂရမ်
  • ၉ နှစ်မှ - ၁၃ နှစ်အထိ              =  ၂၄၀ မီလီဂရမ်
  • ၁၄ နှစ်မှ - ၁၈ နှစ်အထိ           =  ၄၁၀ မီလီဂရမ် (အမျိုးသမီး - ၃၆၀ မီလီဂရမ်)
  • ၁၉ နှစ်မှ - ၃၀ နှစ်အထိ           =  ၄၀၀  မီလီဂရမ် (အမျိုးသမီး - ၃၁၀ မီလီဂရမ်)
  • ၃၁ နှစ်မှ စ၍                          =  ၄၂၀ မီလီဂရမ် (အမျိုးသမီး - ၃၂၀ မီလီဂရမ် တို့ဖြစ်ပါတယ်။

မက်ဂနီဆီယမ် ဓာတ်ချို့တဲ့ခြင်း လက္ခဏာများ

  • မက်ဂနီဆီယမ်ပမာဏနည်းပါးခြင်းသည် ရေတိုမှာထင်ရှားသောလက္ခဏများမပြပါဘူး။ မက်ဂနီဆီယမ် ဓာတ်ချို့တဲ့ခြင်းများသည် ကျန်းမာသောသူများတွင် မတွေ့ရတတ်သော်လည်း အစားအသောက်ရွေးသူများ၊ လုံလုံလောက်လောက်မစားသူများ (သို့မဟုတ်) တချို့သော ကျန်းမာရေးအခြေအနေများ (ဥပမာ- အသက်ကြီးသူများ၊ အရက်သောက်သူများ၊ မက်ဂနီဆီယမ်ဓာတ်ကို စုပ်ယူခြင်းတွင် အနှောက်အယှက် ဖြစ်သောသော ဆေးများသောက်ခြင်း၊ ရောဂါတခုခုရှိခြင်းများ) တွင် ချို့တဲ့ခြင်းများကို တွေ့ရတတ်ပါတယ်။
  • ရေရှည်တွင် မက်ဂနီဆီယမ်စားသုံးမှုပမာဏသည် နည်းပါးလာပါက ချို့တဲ့ခြင်းများဖြစ်လာပြီး အစားအသောက် ပျက်ခြင်း၊ ခေါင်းမူးခြင်း၊ အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းများ ဖြစ်စေတတ်ပါတယ်။ ဆိုးဆိုးရွားရွားချို့တဲ့လာပါက ခြေလက်များထုံကျဉ်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ဖြစ်ခြင်း၊ စိတ်အတက်အကျဖြစ်လွယ်ခြင်း များဖြစ်နိုင်ပါတယ်။

မက်ဂနီဆီယမ်ကို ဘယ်ကရမလဲ?

  • မက်ဂနီဆီယမ်ကို ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သော အားဆေးတော်တော်များများနှင့် နေ့စဉ်စား သောက်နေတဲ့ အစားအစာများမှ ရရှိနိုင်ပါတယ်။ 
  • မက်ဂနီဆီယမ်ကြွယ်ဝသောအစားအစာများမှာ - အယ်မွန်စေ့၊ ဖရုံစေ့၊ အစိမ်းရောင်အရွက်များ (ဟင်းနုနွယ်)၊ မြေပဲ၊ ပဲနို့၊ ပဲသီး၊ ထောပတ်သီး၊ ချောကလက်အမည်း၊ ငှက်ပျောသီး၊ နို့နှင့်နို့ထွက်ပစ္စည်းများ နှင့် အာလူး တို့မှာ ပါဝင်ကြပါတယ်။

မက်ဂနီဆီယမ် ဓာတ်ချို့တဲ့ခြင်း လက္ခဏာများ

မက်ဂနီဆီယမ်ကို ဘယ်ကရမလဲ? 

Related Blogs

Biotin

Glutathione

Vitamin K

Calcium

Iron

Vitamin A

Selenium

Collagen

Folic Acid

Astaxanthin

Copper

Vitamin E

Zinc

Ginseng

Vitamin C

American Ginseng

Vitamin B12

Vitamin D