Glutathione

ဂလူတာသိုင်အုန်း (Glutathione)

ဂလူတာသိုင်အုန်း (Glutathione) ဆိုတာ တကယ်တန်းတော့ ဓာတ်တိုးဆန့်ကျင်မှုသတ္တိကောင်းတဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တချို့ကလည်း ဂလူတာ လို့ အတိုကောက်ခေါ်ကြတဲ့ ဂလူတာသိုင်အုန်း ဟာ ဓာတုပစ္စည်းတွေနဲ့ ဆေးဝါးတွေကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ချေဖျက်ပေးပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ဂလူတာသိုင်အုန်းကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စွမ်းလျော့ကျလာပါတယ်။ နေထိုင်မကောင်းဖြစ်တဲ့အခါမှာလည်း ဂလူတာသိုင်အုန်းဓာတ်လျော့နည်းသွားတတ်ပါတယ်။ 

  • ကင်ဆာရောဂါ
  • HIV/AIDS
  • သွေးချိုဆီးချိုရောဂါ
  • အသည်းရောင်ရောဂါ
  • ပါကင်ဆွန် (Parkinson) ရောဂါ စသည်တို့ဖြစ်တဲ့သူတွေ
  • အချိုအစားများသူများ
  • ပဋိဇီဝပိုးသတ်ဆေးများစွာ သောက်သုံးရသူများ စသည်တို့မှာ ဂလူတာသိုင်အုန်းက သိသိသာသာလျော့နည်းပါတယ်။ဂလူတာသိုင်အုန်းချည်းပဲသီးသန့်ကို အားဖြည့်ဆေးအနေနဲ့သောက်ရင် အစာအိမ်မှ အင်ဇိုင်းများရဲ့ ချေဖျက်မှုကြောင့် အာနိသင်လျော့နည်းလွယ်ပါတယ်။ ဒါပေမယ့် ဂလူတာသိုင်အုန်းကို ဘာလို့ဖြည့်စွက်စာအဖြစ်သောက်ကြတာလဲ?
  • ဓာတ်တိုးဆန့်ကျင်သတ္တိကောင်းခြင်း
  • အဆိပ်အတောက်များကို ပြေစေခြင်း
  • ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း
  • သိပ္ပံနည်းကျလေ့လာနေဆဲဆိုပေမယ့် ဂလူတာသိုင်အုန်းက ကင်ဆာဓာတ်ရောင်ခြည်ကုသခြင်းနှင့် ကင်ဆာဆေးသွင်းကုသမှုများ၏ နောက်ဆက်တွဲဆိုးကျိုးများကို သက်သာစေတယ်လို့ ဆိုကြပါတယ်။

ခန္ဓာကိုယ်ကနေ ဂလူတာသိုင်အုန်း ထုတ်လုပ်မှုကို အားပေးတဲ့ ဓာတ်များမှာ - 

  • နနွင်း (curcumin)
  • N-acetylcysteine
  • ဆီလီနီယမ် (Selenium)
  • ဆီလီမာရင်း (Silymarin)
  • ဗီတာမင် စီ (Vitamin C)
  • ဗီတာမင် အီး (Vitamin E) တို့ဖြစ်ပါတယ်။

ဂလူတာသိုင်အုန်း ကြွယ်ဝတဲ့အစားအစာများ

ခန္ဓာကိုယ်က ဂလူတာသိုင်အုန်း ကို အစားအစာတွေကနေ ကောင်းစွာမစုပ်ယူနိုင်ပါဘူး။ အောက်ပါ အစာအစာတွေကတော့ ဂလူတာသိုင်အုန်း ထုတ်လုပ်မှုကို အားပေးပါတယ်။

  • လတ်ဆတ်တဲ့အသားများ - ကြက်သား၊ အမဲသား
  • ကြက်သွန်ဖြူ
  • ပန်းဂေါ်ဖီစိမ်း (broccoli)
  • ပန်းဂေါ်ဖီ
  • ဂေါ်ဖီထုပ်
  • ဘတ်ချွိုင် (Bak Choy)
  • ကညွတ်
  • ထောပတ်သီး
  • ဟင်းနုနယ်ရွက်
  • လိမ္မော်သီး၊ မာလကာသီး၊ စတော်ဘယ်ရီသီး၊ ဂရိတ်ဖရုသီး၊ ကီဝီသီး
  • ငရုတ်ပွ စသည်တို့ဖြစ်ပါတယ်။

ဂလူတာသိုင်အုန်း ရဲ့ ဆိုးကျိုးတွေဘာတွေရှိမလဲ?

ဂလူတာသိုင်အုန်းကို ကြာရှည်စွာသုံးစွဲရင် ဇင့်ဓာတ်ကို ချို့တဲ့စေပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေ ဂလူတာသိုင်အုန်းကို ရှူတဲ့အခါ ပန်းနာထစေပါတယ်။

ဒါကြောင့် ဂလူတာသိုင်အုန်းနဲ့ မတည့်ရင် မသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အနေနဲ့တော့ ဂလူတာသိုင်အုန်းကို မှီဝဲမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

Related Blogs

Copper

Magnesium

Vitamin B12

Astaxanthin

Vitamin K

Folic Acid

Vitamin D

Collagen

American Ginseng

Vitamin C

Ginseng

Iron

Vitamin E

Calcium

Biotin

Vitamin A

Selenium

Zinc